Main menu

ဟိုပန်သခွား

Powered by Drupal

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ မန်ပိုင်ကျေးရွာရှိ တောင်သူများသည် ယခုမိုးရာသီတွင်စီးပွားဖြစ်သခွားများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။ ၎င်းသခွားသီးများကို စိုက်ပျိုးသည့်အခါတွင် တစ်ပတ်လျှင်တစ်ကြိမ် ရေဖြန်း၍ သော်လည်းကောင်း/ ဆေးဖြန်း၍သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

      သခွားသီးများကို တစ်လုံးလျှင် မြန်မာငွေကျပ် (၃၀၀) ဖြင့်  ဈေးပတ်ဈေးသည်များမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ထိုဈေးပတ်ဈေးသည်များသည်၎င်းသခွားသီးများကို ဟိုပန်မြို့ နှင့်နီးစပ်သော နမ့်တစ်မြို့၊ ချင်းရွှေဟော်မြို့၊ လောက်ကိုင်မြို့ အစရှိသောနီးစပ်ရာမြို့များသို့ တဆင့်ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။ တဆင့်ပြန်လည်ရောင်းချရာတွင်လည်း တစ်လုံးလျှင် တရုတ်ငွေ (၂) ယွမ် မြန်မာငွေဖြင့် ကျပ် (၉၅၀) ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA( ရှမ်း)