မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ စီးပွားဖြစ်ထုတ်လုပ်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ (၄-၁၀-၂၀၂၃) ရက်နေ့တွင် ကျောက်တန်းစက်ရုံစုအတွင်း လုပ်ငန်းဆောင်ရွက်နေသောစက်ရုံများသို့သွားရောက်ကွင်းဆင်းလေ့လာရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ကျောက်တန်းစက်ရုံစုအတွင်းရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်များနှင့်အညီ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကိုဖော်ဆောင်နိုင်ရေး ရေရှည်အကျိုးဖြစ်ထွန်းမှုကိုရှေးရှုသော စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဟန်ချက်ညီစေရန် MSMEs လုပ်ငန်းများကိုအဓိကဆောင်ရွက်ရန်လိုအပ်သကဲ့သို့ စက်ရုံ၊ အလုပ်ရုံများကိုလည်း နည်းပညာများပံ့ပိုးရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေး၊ ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်တန်းစက်ရုံစုအတွင်းရှိ ငွေမိုးကွန်ကရစ်ဘိလပ်မြေဖျော်စက်ရုံ၊ ဦးလှထွန်းအမှုန့်မျိုးစုံထုတ်လုပ်သောစက်ရုံ၊ M Rubber ကုမ္ပဏီလီမိတက်နှင့် ရွှေဝါမြေ၊ ဝဥအခြောက်ခံစက်ရုံတို့သို့ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မွန်)