Main menu

မွန်ပြည်နယ်ဦးစီးမှူးသည် မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

Powered by Drupal

         (၃-၁၀-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မုန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မိမိတို့စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အတွင်းဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ MSME လုပ်ငန်းရှင်များအား Product Safety သင်တန်းများ၊ ကုန်ထုတ်လုပ်မှုသင်တန်းများကိုလည်းဖွင့်လှစ်သွားမည်ဖြစ်ရာ မုန့်လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါသင်တန်းများသို့တက်ရောက်၍ မိမိတို့၏ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် အရည်အသွေးမြင့်မားစေရန်တို့အတွက် တက်ရောက်ကြစေလိုကြောင်း၊ အခက်အခဲများရှိပါက တင်ပြနိုင်ကြောင်း ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)