Main menu

ကရင်ပြည်နယ်၏ စက်သုံးဆီ လက်လီဈေးနှုန်းများ

Powered by Drupal

ကရင် အောက်တိုဘာ ၆

      ကရင်ပြည်နယ် ဘားအံမြို့တွင် စက်သုံးဆီဆိုင် (၇)ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အောက်တိုဘာလ ပထမအပတ်တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၉၈၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၀၈၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၃၂၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၃၆၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

        စက်တင်ဘာလ (စတုတ္ထ)ပတ်တွင် ဖြစ်ပေါ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၂၈၅)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၃၉၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်(၂၆၃၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၇၁၀)ကျပ်ဖြစ်ပြီး ယခုအပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ(92) တစ်လီတာလျှင် (၃၀၀)ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၃၁၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၃၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင်(၃၄၅)ကျပ်ဖြင့် ဈေးနှုန်းကျဆင်းခဲ့ကြောင်း ဘားအံမြို့ရှိ စက်သုံးဆီဆိုင်များမှ သိရသည်။

       စက်သုံးဆီဝယ်ယူသုံးစွဲမှုနှင့် ပတ်သက်၍ သုံးစွဲသူမိဘပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီ၏ (၀၆၇-၄၀၉၈၈၁၊ ၀၆၇-၄၁၁၁၂၉၊ ၀၉-၆၉၉၆၁၁၁၆၊ ၀၉-၄၄၀၄၃၃၅၃၃) ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။