Main menu

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့မှ အောက်တိုဘာလ (၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး ၃၀လုံးပါ တစ်ဖာလျှင် ကျပ်၁၇၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၇၀၀၀၊ ပြည်မှ ဩဇာသီးအလုံးကြီး ၆၀လုံးပါ သေတ္တာတစ်လုံးလျှင် ကျပ်၁၃၀၀၀၊ တိုက်ကြီးမှ ပီလောပီနံအလုံးကြီးတစ်ပိဿာလျှင် ကျပ်၁၀၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၆၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊  ဝမ်းတွင်းမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၂၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ ဘိုကလေးမှ ငှက်ပျောသီးအလုံးကြီး (ဖီးကြမ်း) တစ်ဖီးလျှင် ကျပ်၃၀၀၀၊ အလုံးလတ်တစ်ဖီးလျှင် ကျပ်၂၀၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၁၀၀၀၊ ကျောက်ဆည်၊ ပြည်မှ ရွှေငှက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၆၅၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၄၅၀၀၊ တောင်ငူ၊ ကျောက်ဆည်မှ တောင်ငူငှက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၆၅၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၃၀၀၀၊ ရှမ်းပြည်(မြောက်ပိုင်း) မှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၄၅၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၃၀၀၀၀၊ ကျုံပျော်၊ ရွှေတောင်မှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)