Main menu

ကရင်ပြည်နယ်အတွင်း ဆန်စီးဝင်မှုအခြအနေနှင့် ဆန်ဈေးနှုန်းများ

Powered by Drupal

    ကရင်ပြည်နယ်အတွင်းသို့ ဆန်စီးဝင်မှုမှာ ယခင်အပတ်ထက် ပိုမို၍  စီးဝင်ခဲ့ကြောင်း သံလွင်တံတားမှ နေ့စဉ်ပေးပို့လာသော စာရင်းဇယားများမှ သိရသည်။

    အခြားတိုင်းဒေသကြီးများမှ ကရင်ပြည်နယ်သို့ ဆန်စီးဝင်မှုများမှာ စက်တင်ဘာလ နောက်ဆုံးအပတ်တွင် ရန်ကုန်မှ အိတ်ရေ ၄၉၈၀ ၊ သထုံမှ အိတ်ရေ ၂၇၇၀၊ ဝေါမှ အိတ်ရေ ၈၂၀၊ ပဲခူးမှ အိတ်ရေ ၆၉၀၊  စုစုပေါင်း ၉၂၆၀ အိတ် တန်အားဖြင့် ဖော်ပြလျှင် ၄၆၃ တန်ဝင်ခဲ့‌ပြီး၊ ယခုအောက်တိုဘာလ ပထမအပတ်တွင် ရန်ကုန်မှ အိတ်ရေ ၇၉၃၀ ၊ သထုံမှ အိတ်ရေ ၂၇၃၀၊ ဝေါမှ အိတ်ရေ ၁၅၀ ၊ ပဲခူးမှ အိတ်ရေ ၁၂၈၅၊  စုစုပေါင်း ၁၂၀၉၅ အိတ် တန်အားဖြင့် ဖော်ပြလျှင် ၆၀၅ တန် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်အတွင်း ပိုမို၍ စီးဝင်ခဲ့သည်။

    ကရင်ပြည်နယ်အတွင်း စပါးလက်ကျန်နည်းပါးလာသောကြောင့် ဆန်စက်လုပ်ငန်းများအနေ ဖြင့် ရန်ကုန်၊ သထုံ၊ ပဲခူး၊ ဝေါ စသည့် ဒေသများမှ ဆန်များ ဝယ်ယူ၍ ရောင်းချရသောကြောင့် ဝယ်ဈေးအပေါ် သယ်ယူပို့ဆောင်ခ ထပ်ဆောင်းသောကြောင့် ဈေးနှုန်း အနည်းငယ်တက်လာ ကြောင်း သိရသည်။

    ကရင်ပြည်နယ်၏ အောက်တိုဘာလ ပထမအပတ်တွင် ဖြစ်ပေါ်နေသော ဆန်စပါး တင်း ၁၀၀ လျှင် ကျပ် ၂၃၀၀၀၀၀ ဖြစ်ပြီး ကရင်ပြည်နယ်ဘားအံမြို့တွင် ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ ဧည့်မထ(ဆန်) တစ်ပြည်(၂၉၀၀)ကျပ်၊ (၂၄) ပြည်ပါ တစ်အိတ်လျှင် (၆၈၀၀၀)ကျပ်၊ ပေါ်ဆန်း (ဆန်)တစ်ပြည်(၅၀၀၀)ကျပ်၊ (၂၄)ပြည်ပါ တစ်အိတ်လျှင် (၁၁၄၀၀၀) ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၁၀၀) ကျပ်၊ (၂၄)ပြည်ပါ တစ်အိတ်လျှင် (၅၀၀၀၀) ကျပ်ဖြစ်ပြီး ဈေးနှုန်းအနည်းငယ်မြင့်တက်လျက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ 

DOCA(ကရင်)