၂၀၂၃ခုနှစ်၊ မေလတွင်ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ မိုခါဆိုင်ကလုန်းမုန်းတိုင်း ဘေးသင့်ပြည်သူများအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကဝယ်ယူ၍ ဆန်အိတ်များကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပိုင်ဖြစ်သော ဝိရှုပက္ခရေယာဉ်ဖြင့် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။
ထိုသို့တင်ပို့ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ကျဝန်ထမ်း ဦးနေလင်းသည် (၂၃-၉-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်မှ (၂၄-၉-၂၀၂၃) ရက်နေ့၊ နံနက် (၆:၀၀) နာရီအချိန်ထိ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ဆန်များတင်ပို့မှုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)