Main menu

မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

Powered by Drupal

          မော်လမြိုင်မြို့၌ ယခုအပါတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးတည်ငြိမ် နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ ဈေးမှာ ကြံ့နှစ်ကောင် (အနီ) ၇၃၀၀ကျပ်၊ ဆင်(ထိုင်း) ၇၆၀၀ ကျပ် ၊ ကြံ့တံဆိပ်(အဝါ) ၆၇၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ  ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ပုံမှန်ရှိကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ၇၅၄၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၂၂၀၀ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ၇၅၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE)  မှာ ၄၈၀၀၀ ကျပ် ၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၆၈၀၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၀၅၀၀ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်)၁၅:၁၅:၁၅မှာ ၇၅၅၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၃၈၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How)၁၅:၁၅:၁၅မှာ ၇၈၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE) မှာ ၄၅၀၀၀ ကျပ် ၊ ပုလဲ (အသေး)၄၆%  တရုတ်(ရွှေေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၇၂၅၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၂၀၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)