Main menu

မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသော ပုဇွန်ခြောက်၊ ငါးခြောက်စျေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် မြို့မစျေး၊ ရန်ပယ်စျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး မြို့မစျေးသို့ မြို့ပေါ်ရှိဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မြင်းကင်းကျေးရွာ၊ ချောင်းဖြူကျေးရွာ၊ မကြီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ထို့အပြင် မကွေးမြို့၊ မြို့မစျေးသို့ ရေထွက်ပစ္စည်းများကို ရန်ကုန် ဘုရင့်နောင်၊ မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့နယ်ရှိ ဆည်များတွင်မွေးမြူထားသော တီလာဖီးယား၊ ငါးဖန်းမငါးများကို အခြောက်လှန်း ၍လည်းကောင်း၊ ငါးများအား ငါးဆားနယ်အဖြစ်လည်းကောင်း ပြုလုပ်၍လာရောက် ရောင်းချကြကြောင်း သိရှိရပါသည်။

     မကွေးမြို့၊ မြို့မစျေးတွင် ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)အတွင်း ရောင်းချလျှက်ရှိ သော ကုန်စျေးနှုန်းများမှာ ပုဇွန်ခြောက်ကြီး(၁)ပိဿာလျှင် ကျပ်(၈၀၀၀၀)၊ ပုဇွန်ခြောက်လတ်(၁) ပိဿာလျှင် ကျပ်(၆၃၀၀၀)၊ ပုဇွန်ခြောက်အသေး(၁)ပိဿာလျှင် ကျပ်(၆၀၀၀၀)၊ ငါးဖန့်ဝိုင်း (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၂၀၀၀၀)၊ ငါးဖောင်ရိုး(၁)ပိဿာလျှင် ကျပ်(၃၂၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၇၀၀၀၀)၊ ငါးကြီးခြောက် (၁)ပိဿာလျှင် (၈၅၀၀၀-၉၀၀၀၀)ကျပ်၊ ငါးရံ့လုံး (၁)ပိဿာလျှင် (၄၁၀၀၀)ကျပ်၊ ငါးမင်းသားခြောက်(၁)ပိဿာလျှင် ကျပ်(၂၅၀၀၀)၊ ငါးဘတ်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၆၀၀၀- ၃၂၀၀၀)၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)