Main menu

ပုသိမ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသူများအား အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

Powered by Drupal

     အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်လေတပ်စခန်းတို့မှ ဆန်၊ ဆီ၊ ကြက်သား၊ ဟင်းသီးဟင်းရွက်နှင့် အသင့်စား စားသောက်ကုန်များအား ပြင်ပပေါက်ဈေးနှုန်းထက် သက်သာစွာ ရောင်းချပေးခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ တိုင်းဆီကုန်သည်များအသင်းနှင့် ပူးပေါင်း၍ စားအုန်းဆီတစ်ပိဿာ ၄၈၀၀ ကျပ်ဈေးဖြင့်  ၄၄၀ ပိဿာ ၊ ဆန်တစ်ပြည် ၂၅၀၀ ကျပ်ဈေးဖြင့် ဆန် ၁၃ အိတ်၊ ကြက်ဥ (၄)လုံးလျှင် ၁၀၀၀ ကျပ်ဈေးဖြင့် အလုံးရေ ၁၀၀၀ နှင့် ဆားငါးဆယ်သားတစ်ထုပ်လျှင် ၃၀၀ ကျပ်ဖြင့် ဆား ၇၅ ပိဿာ တို့ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းများနှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသူများအား ရောင်းချပေးခဲ့ပါသည်၊၊

   ထိုသို့ရောင်းချခဲ့ရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူတို့မှ ကွင်းဆင်းကြည့်ရှုကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)