Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ၏ အောက်တိုဘာလ ပထမအပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Powered by Drupal

   ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းလားနယ်စပ်လမ်းကြောင်းမှ သွင်းကုန်များမှာ အားကစားဘောင်းဘီ၊ ရေမြှုပ်ဖိနပ်၊ မိုးကာအင်္ကျီနှင့် စွပ်ကျယ်အင်္ကျီတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၀၃၈)သန်းဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းတင်ပို့မှုမရှိကြောင်းသိရှိရပါသည်။ သို့ဖြစ်ပါ၍ ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ (၀.၀၃၈) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၀၉၈)သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

      တာချီလိတ်နယ်စပ်လမ်းကြောင်းမှ ပို့ကုန်တင်ပို့မှုမှာ ကြက်သွန်ဖြူ၊ စာရွက်အပိုင်းအစ၊ ကြက်သွန်နီ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ ကော်ဖီ၊ ပလတ်စတစ်တို့ဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၀.၃၈၃)သန်းတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါသည်။ သွင်းကုန်များအနေဖြင့် ဒီဇယ်၊ ဓာတ်ဆီ၊ ဘိလပ်မြေ၊ ပိုက်နှင့် အိမ်ဆောက်ပစ္စည်းတို့ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ(၁.၀၂၉)သန်းဖြစ်ကြောင်းသိရှိရပါသည်။ ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁.၄၁၂)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၁၈၈)သန်းနှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၅၁၄)သန်းလျော့နည်းသွားသောကြောင့် ကုန်သွယ်မှုပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၀.၇၀၂)သန်းလျော့နည်းသွားကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)