Main menu

မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများသည်     (၅-၁၀-၂၀၂၃) ရက်နေ့တွင် စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးတို့မှ ဝန်ထမ်းစုစုပေါင်း (၂၅) ဦးတက်ရောက်ခဲ့ကြပါသည်။

  ဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် စီမံရေးရာဌာနခွဲမှ ဦးစီးမှူး ဦးမင်းနောင်က ခေါင်းဆောင်မှု (Leadership) အကြောင်းကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်သီတာလွင်က ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲလုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်အေးမြင့်မြတ်ထက်က ဓနိဝိုင်ပြုလုပ်နည်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)