Main menu

ရွှေဘိုပေါ်ဆန်း (G.I) ရရှိရေး ဆောင်ရွက်မှုများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၌ ရွှေဘိုပေါ်ဆန်း (G.I) ရရှိရေးအတွက် ပြင်သစ်နိုင်ငံ AFD (France Development Agency) ၏ထောက်ပံ့ကူညီမှုဖြင့် Recognition and Promotion of Geographical indication in Cambodia, Lao PDR and Myanmar (မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒေသဆိုင်ရာအညွှန်းများကိုအသိအမှတ်ပြုခြင်းနှင့် မြှင့်တင်ခြင်းစီမံကိန်း)ကို GRET Myanmar အဖွဲ့အစည်းက  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 

   ယခုလက်ရှိအချိန်တွင် ရွှေဘိုပေါ်ဆန်း (G.I) ရရှိရေး ဆောင်ရွက်မှုအနေဖြင့် (၉/၂၀၂၃)လအတွင်း ရွှေဘိုပေါ်ဆန်းမျိုးကောင်း၊ မျိုးသန့်များပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ဒေသတွင်းလုံလောက်စွာဖြန့်ဖြူးနိုင်ရန် အသင်းဝင်မျိုးစေ့ထုတ်တောင်သူများနှင့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ရုံးတွင် တွေ့ဆုံဆွေးနွေးခြင်း၊ ဒေသဆိုင်ရာအညွှန်း (G.I) ကုန်အမှတ်တံဆိပ်ရရှိရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကို ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၈)ရွာမှ တောင်သူကိုယ်စားလှယ်များကိုဖိတ်ခေါ်၍ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးတွင် ဆောင်ရွက်လျက်ရှိပါသည်။  ရွှေဘိုပေါ်ဆန်း၏ အများပိုင်ကုန်အမှတ်တံဆိပ် (Logo) သုံးစွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၅-၉-၂၀၂၃)ရက်နေ့တွင် မန္တလေးမြို့၊ အမရာနဒီဟိုတယ်တွင်ကျင်းပခဲ့ရာ G.I Project မှ National Coordinator၊ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံးမှ ဝန်ထမ်းများ၊ ဆန်စက်ပိုင်/ဆန်ကုန်သည်များတက်ရောက်ခဲ့ကြောင်း၊ အဆိုပါအစည်းအဝေးတွင် (၁-၁၁-၂၀၂၃)ရက်နေ့မှစတင်၍ ရွှေဘိုပေါ်ဆန်းစစ်မှန်ကြောင်း အများပိုင်ကုန်အမှတ်တံဆိပ် တရားဝင် (Logo) ဖြင့် စတင်သုံးစွဲမည်ဖြစ်ကြောင်း၊ (၁-၁၁-၂၀၂၃)ရက်နေ့မှ (၃၀-၄-၂၀၂၄)ရက်နေ့ထိ ရွှေဘိုပေါ်ဆန်းစစ်မှန်ကြောင်း အများပိုင်ကုန်အမှတ်တံဆိပ် (Logo) ကို Sticker ဖြင့်သုံးစွဲမည်ဖြစ်ကြောင်း၊ (၁-၁၁-၂၀၂၃)ရက်နေ့တွင်  ရွှေဘိုပေါ်ဆန်းစစ်မှန်ကြောင်း အများပိုင်ကုန်အမှတ်တံဆိပ် (Logo) သုံးစွဲမည့် ဆန်စက်ပိုင်/ ဆန်ကုန်သည်များစားရင်းကောက်ယူ၍ အသေးစိတ်ညှိနှိုင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ (၂၈-၉-၂၀၂၃) ရက်နေ့နှင့် (၂၉-၉-၂၀၂၃) ရက်နေ့တို့တွင် ရွှေဘိုပေါ်ဆန်း၏ အများပိုင်ကုန်အမှတ်တံဆိပ် (Logo) သုံးစွဲခြင်းနှင့် (G.I) ရရှိရေးအတွက် အဖွဲ့တွင်းစစ်ဆေးသူသင်တန်းကို ရွှေဘိုမြို့ရှိ ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရုံး၌ပြုလုပ်ခဲ့ရာ ပြင်သစ်နိုင်ငံမှ Mr. Andre de la Bretesche (Trainer, Consultant) က ပထမအကြိမ် Online မှတစ်ဆင့် (၂) ရက် သင်တန်းပို့ချခဲ့ကြောင်း၊ အဆိုပါသင်တန်းသို့  inspector (၁၀) ဦး၊  Admin Officer နှင့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)