Main menu

ကန့်ဘလူမြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၄ရက်နေ့တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ကန့်ဘလူမြို့ပေါ်ရှိ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့များရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် တစ်မျိုးချင်းစီအလိုက် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များပြုလုပ်ထားရမည်ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်နှင့် အခြားသက်ဆိုင်ရာဌာနများ၏ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉) ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အသေးစိတ်စိစစ်ချက် ကုန်စည်အုပ်စု (ဇ) လုပ်ငန်းသုံးပစ္စည်းများပါ စိုက်ပျိုးရေးသုံးဆေးဖြန်းကိရိယာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြပါရှိရမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)