Main menu

မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကောက်စောစပါးထွက်ရှိပြီး လယ်သမားများ စပါးအရောင်းအဝယ်ဖြစ်မှုအပေါ် စိတ်ကျေနပ်မှုရရှိ

Powered by Drupal

    မအူပင်ခရိုင်၊ မအူပင်မြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပါသည်။ စိုက်ပျိုးရေးကိုအခြေခံသည့်အလျောက် မအူပင်မြို့နယ်သည် ကျေးရွာအုပ်စု (၇၆)အုပ်စုရှိပြီး ယခုအခါတွင် တာပါတ်အနောက်၊ တာပါတ်အရှေ့၊ သာယာကုန်း၊ လက်ဝံကုန်း၊ သိုက်ကုန်းကျေးရွာများ၌ ကောက်စောစပါးများဖြစ်သော ဆင်းသုခ၊ မနောသုခ၊ GW-11 စပါးများရင့်မှည့်ပြီး ရိတ်သိမ်းချွေလှေ့စက်များဖြင့် ရိတ်သိမ်းရောင်းချလျက်ရှိကြောင်းကို မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

   အဆိုပါ ကောက်စောစပါးများထွက်ရှိနေသော ကျေးရွာများအနက် မအူပင်မြို့နယ်၊ သာယာကုန်းကျေးရွာမှ တောင်သူဦးဝင်းစိန်၏ ဆင်းသုခစပါးများရိတ်သိမ်းနေမှုကို ကွင်းဆင်းမေးမြန်းရာ တောင်သူဦးဝင်းစိန်က မိမိသည် မိုးစပါး (၅)ဧကစိုက်ပျိုးခဲ့ပြီး ယခုအခါ (၅)ဧကလုံးရင့်မှည့်၍ ရိတ်သိမ်းရာ တစ်ဧကလျှင် ပျမ်းမျှအားဖြင့် (၇၀) တင်းခန့်ထွက်နိုင်ကြောင်းနှင့် စပါးအစို တင်း(၁၀၀)လျှင် ကွင်းဈေး (၁၃၅၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း ဦးစွာရှင်းပြပြီး ယခုနှစ်၌ သွင်းအားစုဈေးနှုန်းများအနည်းငယ်မြင့်တက်ခဲ့သော်လည်း မိမိတို့အနေဖြင့် မိုးစပါးတွင် သွင်းအားစုများကို အနည်းငယ်သာသုံးစွဲရသဖြင့် ယခုကောက်စောစပါးထွက်ရှိမှုနှင့် မိုးစပါးဈေးမှာ မိမိအတွက် သင့်တင့်သောအကျိုးအမြတ်ရရှိသဖြင့် ကောက်စောစပါးစိုက်တောင်သူများသည် ကျေနပ်ဝမ်းသာပြီး စိတ်ကျေနပ်မှုရရှိနေကြောင်း တောင်သူဦးဝင်းစိန်၏ ပြောပြချက်အရ သိရှိခဲ့ရပါသည်။

DOCA(ဧရာဝတီ)