Main menu

ကရင်ပြည်နယ်တွင် ရာဘာဈေးအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊အောက်တိုဘာလတွင် ကရင်ပြည်နယ်၌ ရာဘာဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။

     ပွင့်လင်းရာသီ ရာဘာအစေးခြစ်ချိန်ရာသီအတွင်း ကရင်ပြည်နယ်ဒေသထွက် RSS-3 အမျိုးအစား ရာဘာ ၁ ပေါင်လျှင် ၁၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး မိုးဦးကျအစေးခြစ်ကာလ ပြီးဆုံးချိန်တွင် တစ်ပေါင် ၁၃၄၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ရာမှ တဖြည်းဖြည်းဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး၊ ယခင်လက RSS-3 တစ်ပေါင်လျှင် ၁၆၈၀ကျပ် ဈေးနှုန်းဖြစ်ပြီး၊ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင်  RSS-3 တစ်ပေါင်လျှင် ၁၄၈၀ ကျပ်ဖြင့် လည်းကောင်း၊ ယခင်လက RSS-5 တစ်ပေါင်လျှင် ၁၆၄၀ကျပ် ဈေးနှုန်းဖြစ်ပြီး၊ယခုလ ဒုတိယအပတ်တွင် RSS-3တစ်ပေါင်လျှင် ၁၄၂၀ ကျပ်ဖြင့်လည်းကောင်း၊ အသီးသီးဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။ ယခုမိုးအဆုံးကာလသည် ကရင်ပြည်နယ်တွင် ရာဘာစိုက်တောင်သူ အများစုမှာ မြေပြုပြင်ခြင်း၊ ခြုံရှင်း/ခြုံခုတ်နှင့် အပင်အစာကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ဆဲကာလဖြစ်၍ ရာဘာလုပ်ငန်းအများစုရပ်နားထားကြောင်း သိရသည်။

DOCA(ကရင်)