Main menu

မအူပင်ဆန်စက်အသင်းရုံးတွင် ဆန်ကုန်သည်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မအူပင်မြို့နယ်၊ ဆန်စက်ပိုင်ရှင်အသင်းရုံး၌ ဆန်ကုန်သည် (၄၅)ဦးအား (၈-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ကြပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ဥပဒေအကြောင်းကို အကျယ်တဝင့်ရှင်းလင်ဆွေးနွေးပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်နေရပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအခွင့်အရေးနှင့်တာဝန်များရှိသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များလည်းရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း စသည်ဖြင့် အကျယ်တဝင့်ဟောပြောဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍လည်း ပြည့်စုံကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါကြောင်း၊ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် Consumer Call   Center  No. (1535) (နေပြည်တော်)၊ ပုသိမ်ဖုန်းနံပါတ်၊  မအူပင်ခရိုင်ဖုန်းနံပါတ်များကိုသိရှိနိုင်ရန်ပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)