Main menu

ရွှေဘိုမြို့၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့၌ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၇၅)တို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။

       အဆိုပါ ဟောပြောပွဲတွင် ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ထွေးထွေးအေးက Vape (e-cigarette) အကြောင်းအရာများအနက် Vape ၏အကျိုးအပြစ်၊ Falvor liquid ၏အကျိုးအပြစ်၊ Nicotine ၏အကျိုးအပြစ်များကိုဟောပြောခဲ့ပြီး Vape (e-cigarette) သောက်ခြင်းဖြင့် ကင်ဆာရောဂါမျိုးစုံအပါအဝင် သွေးတိုးရောဂါ၊ အဆုတ်ပွရောဂါ၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် နှလုံးသွေးကြောပိတ်ခြင်း စသည်တို့ဖြစ်ပွားစေပြီး e- cigarette သောက်သုံးသူက မှုတ်ထုတ်လိုက်သည့်အငွေ့များကို ရှူခြင်းသည်လည်း ဆေးလိပ်သောက်သောသူနှင့်တန်းတူ အထက်ပါ ရောဂါများဖြစ်စေကြောင်း၊ ထိုသို့ အန္တရာယ်များသည့် Vape (e-cigarette) ကို ကျောင်းသား/ကျောင်းသူမျာမသောက်သုံးသင့်ကြောင်း၊ ဒု-ခရိုင်ဦး စီးမှူးဒေါ်နှင်းနှင်းခိုင်က စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့်တာဝန်များ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့်သက်ဆိုင်သောအကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Concumer Call Center အကြောင်း၊ တိုင်ကြားစာများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့်အကြောင်းများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမ (၁၀)ဦးနှင့် ကျောင်းသား / ကျောင်းသူ (၇၅)ဦးအား စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)