Main menu

ကုန်အညွှန်းအမှတ်အသားရွေးချယ်ဝယ်ယူတတ်ဖို့နှင့် စားသုံးသူအခွင့်အရေးသိရှိစေဖို့ စာသင်ကျောင်းများသို့ ကွင်းဆင်းဆွေးနွေး အသိပညာပေးကြစို့

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများကို စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်တို့အတွက် (၁၀-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊ ဇီးတောကျေးရွာ၊ာ  အ.မ.က(မူလတန်း) ကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က  စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၌ပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း(၂၅)ခန်း၊ ပုဒ်မပေါင်း(၈၄)ခုပါဝင်ပြဋ္ဌာန်းထားကြောင်း၊ စားသုံးသူကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းရခြင်း၏ရည်ရွယ်ချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများဖြစ်သည့် Facebook Page ဖြစ်သော DOCA Myanmar Page တွင်လည်းကောင်း၊ မိမိတို့ခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း၊ မိမိတို့ဌာန၏ Website  www. doca. gov. mm တွင်လည်းကောင်း၊ MPT ; mytel ;  Atom ;  Oredoo  ; SIM Card User များအားလုံး Call Center No. (1535) တို့တွင် ပြေစာအထောက်အထားအပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်ပါကြောင်းနှင့် မိမိတို့ကိုဟောပြောသွားသောအချက်အလက်များကို မိမိတို့မိသားစုများ၊ အသိမိတ်ဆွေများကို ပြန်လည်ရှင်းပြပေးရန်လိုအပ်ပါကြောင်းနှင့်  ကျောင်းသား/သူများကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက်/အသုံးပြုတတ်ရန်အတွက် ဆရာ/ ဆရာမ(၇)ဦး၊ ကျောင်းသား/သူ(၆၇) စုစုပေါင်း (၇၄)ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)