၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လျှပ်စစ်ပစ္စည်းဝယ်ယူ သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြိတ်မြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ရောင်းချစေရေးနှင့် ယုံကြည် စိတ်ချရသောကုန်ပစ္စည်းများ၊ အရည်အသွေးပြည့်ဝသောကုန်ပစ္စည်းများ ပိုမိုသုံးစွဲစေရေး စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့် စျေးကွက်အတွင်း သုံးစွဲသူများအသုံးပြုရန်(သို့)သုံးစွဲရန် အာမခံချက်မရှိ သောကုန်စည်များ ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(တနင်္သာရီတိုင်းဒေသကြီး)