Main menu

တောင်ငူမြို့တွင် စားသောက်ကုန်တချို့ဈေးတက်

Powered by Drupal

      တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာပြီး စားအုန်းဆီမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

    ကြက်သွန်နီမှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ကျပ်၊ အလတ် ၂၈၀၀ကျပ်၊ အကြီး ၃၅၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီ ၃၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၅၀၀ကျပ်၊ အလတ် ၃၆၀၀ကျပ်၊ အကြီး ၄၂၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီ ၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်လာခဲ့ပါသည်။

     ကြက်သွန်ဖြူမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၈၀၀၀ကျပ်၊ အလတ် ၉၀၀၀ကျပ်၊ အကြီး ၁၀၀၀၀ကျပ်၊ တရုတ်ကြက်သွန်ဖြူ ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    အာလူးမှာ  ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၂၀၀ကျပ်၊ အလတ် ၂၆၀၀ကျပ်၊ အကြီး ၃၅၀၀ကျပ်၊ တရုတ်အာလူး ၃၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၇၀၀ကျပ်၊ အလတ် ၂၂၀၀ကျပ်၊ အကြီး ၂၈၀၀ကျပ်၊ တရုတ်အာလူး ၃၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

      ငရုတ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်အပွတစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

      မြေပဲဆံ(အနီ)မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၉၂၀၀ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၈၆၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။  ကုလားပဲခြမ်းမှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၆၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)