Main menu

ဖြူးမြို့တွင် ဆင်းသုခဆန်ဈေးအနည်းငယ်ကျ

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မဈေးရှိဆန်ဆိုင်များတွင် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ၆၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်ပြည်လျှင် ၄၆၀၀ကျပ်၊ ဇီယာ (ရှယ်)တစ်ပြည်လျှင် ၃၅၀၀ကျပ်နှင့် ဇီယာ(ရိုးရိုး)တစ်ပြည်လျှင် ၃၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ယခင်အောက်တိုဘာလ ပထမအပတ်တွင် ဆင်းသုခတစ်ပြည်လျှင် ၃၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပြည်လျှင် ၃၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။     

       မြေပဲဆီမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချပါသည်။

   အသားဈေးနှုန်းမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ကြက်သားတစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်အထိ၊ ဝက်သားတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိ၊ ဆိတ်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အမဲသားမှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်တက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)