
တောင်ငူမြို့၊ ကန်လမ်းရှိ သစ်သီးဆိုင်မှ ဒူးရင်းသီး(အသေး) တစ်လုံးလျှင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ၃၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ် အထိနှင့် အကြီးတစ်လုံးလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိရှိပါသည်။
ယခုရောင်းချနေသော ဒူးရင်းသီးများမှာ လက်ကျန်အသီးများဖြစ်ပြီး ဒူးရင်းသီးများ နောက်ထပ်ဝင်လာစရာမရှိတော့ကြောင်းသိရပါသည်။
ယခုနှစ်တွင် ဒူးရင်းသီးများမှာ ရာသီကုန်ချိန်အထိ ဈေးနှုန်းမြင့်ကြောင်းနှင့် အရောင်းအဝယ်မှာ အနည်းငယ်အေးနေကြောင်းသိရှိရပါသည်။