![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/765.jpg?itok=w5mKanAF)
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ အုန်းသီးဆိုင်တွင် အုန်းသီးကြွက်မြီးပါ တစ်လုံးလျှင် ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ၁၅၀၀ကျပ်၊ ရိုးရိုးအုန်းသီး အခွံမပါ တစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ အုန်းသီးဒိုင်များက အုန်းသီးကို သောင်းပြောင်းတစ်လုံးလျှင် ၅၀၀ကျပ်ဖြင့် ပင်ပြတ်ဝယ်ယူပါသည်။ အုန်းပင်တစ်ပင်လျှင် တက်ခ ၃၀၀၀ကျပ်ပေးရပါသည်။ အုန်းသီးဈေးနှုန်းမှာ ပုံမှန်အတိုင်းရှိပါသည်။
ငှက်ပျောသီးဈေးနှုန်းမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင် ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်အထိ၊ ဖီးကြမ်းတစ်ဖီးလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ၊ သီးမွှေးတစ်ဖီးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိ၊ ရွှေနီတစ်ဖီးလျှင် ၄၀၀၀ကျပ်မှ ၇၀၀၀ကျပ်အထိရှိပါသည်။
မကြာမီ ဝါကျွတ်ကာလသို့ရောက်ရှိပြီး အလှူအတန်းပေါများတော့မည်ဖြစ်ရာ အုန်းသီး၊ ငှက်ပျောသီးဈေးနှုန်းများတက်လာနိုင်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)