Main menu

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ထောပတ်သီးများဝင်‌ရောက်

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဈေးဆိုင်များတွင် ရှမ်းပြည်ထွက်သီးနှံဖြစ်သော ထောပတ်သီးများ ပေါများစွာဝင်ရောက်နေပြီဖြစ်ပါသည်။ မိုးရာသီတွင် ထောပတ်သီးများရှားပါး၍ သစ်သီးဆိုင်များ၌ အရောင်းအဝယ်မရှိခဲ့ရာမှ ယခုကဲ့သို့ မိုးအကုန်နှင့် ဆောင်းအကူးကာလတွင် ထောပတ်သီးများ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

    ထောပတ်သီးကို အအေးဆိုင်များတွင် ထောပတ်သီးဖျော်ရည်အဖြစ် တစ်ခွက်လျှင် အသီးပေါများမှုပေါ်မူတည်၍ ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။ ထောပတ်သီးဈေးနှုန်းများအနေဖြင့်  အကြီး/  အသေးပေါ်မူတည်၍ တစ်လုံးလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်ထိ ဈေးနှုန်းဖြစ်ပေါ်လျက်ရှိပါသည်။

       ထောပတ်သီးဈေးကွက်အနေဖြင့် တောင်ငူမြို့ပေါ်ရှိ အအေးဆိုင်များမှ အဓိကဝယ်ယူလျက်ရှိကြောင်း လေ့လာသိရှိခဲ့ရပါသည်။

DOCA(ပဲခူး)