Main menu

တောင်ငူခရိုင်၊ ဖြူးမြို့တွင် အခြေခံစားကုန်တချို့ဈေးအတက်အကျရှိ

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလတွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလတွင် တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ပြီး ဧည့်မထ(မိုး)ဆန်တစ်အိတ်လျှင် ၇၅၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆီမှာ ယခင်အောက်တိုဘာလ ပထမပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်အထိ ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိပါသည်။

      ကြက်သွန်နီမှာ  ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၂၀၀ကျပ်၊ အလတ် ၃၃၀၀ကျပ်၊ အကြီး ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၇၀၀၀ကျပ်၊ အလတ် ၈၀၀၀ကျပ်၊ အကြီး ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     အာလူးမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၂၆၀၀ကျပ်အထိ၊ တရုတ်အာလူးမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်အထိရှိပါသည်။

    ငရုတ်သီးခြောက်မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး  ကုလားပဲခြမ်းမှာ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မြေပဲဆံ(အနီ)မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၈၈၀၀ကျပ်၊ မြေပဲဆံ(အဖြူ)မှာ ယခင်အောက်တိုဘာလ ပထမအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၇၈၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)