ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး(ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား (၉-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
ထိုအသိပညာပေး Talk Show မှတစ်ဆင့် စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင် မိမိတို့၏အခွင့်အရေးများကို သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနက စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းကိစ္စနှင့်ပတ်သက်၍ မှတ်ပုံတင်ရာတွင် တင်ပြရမည့်အချက်များအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပြီး (၁-၁-၂၀၂၄)ရက်နေ့မှစတင်၍ အွန်းလိုင်းမှတ်ပုံတင်ခြင်းမရှိဘဲ ရောင်းချနေသည့်လုပ်ငန်းများကိုစစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)