ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်သို့သွားရောက်၍ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ( ၆)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဆန်စပါးလုပ်ငန်းရှင်(၁၀)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးနှင့် ပန်းတနော်လုပ်ငန်းရှင်များဆွေးနွေးကြရာ ပန်းတနော်မြို့နယ်ရှိ ဆန်စပါးဈေးကွက်အခြေအနေ၊ ဆန်စပါးရောင်းဝယ်ထွက်ရှိမှုအခြေအနေများ၊ ရောင်းဝယ်ကြိတ်ခွဲမှုအခြေအနေ၊ တင်ပို့ရောင်းချမှုအခြေအနေများကိုဆွေးနွေးပြီးနောက် ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၂၆)မြို့နယ်ရှိပြီး အသင်းအဖွဲ့များ ထပ်မံဖွဲ့စည်းတိုးချဲ့သင့်ကြောင်း၊ အသင်းအဖွဲ့ရှင်သန်အားကောင်းမှသာ ဆန်စပါးကဏ္ဍကောင်းမွန်ဖွံ့ဖြိုးတိုးတက်လာပြီး ဆန်စပါးကဏ္ဍနှင့်သက်ဆိုင်သည့် စိုက်ပျိုးထုတ်လုပ်သောတောင်သူ၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်စပါးကုန်သည်များ အကျိုးအမြတ်ကောင်းခံစားရရှိနိုင်ပါကြောင်း၊ ဆန်ကိုအဓိကထားစိုက်ပျိုးသည့်ဒေသဖြစ်၍ တောင်သူစိုက်ပျိုးသောမျိုး ၅မျိုး၊ ၆မျိုးရှိပြီး အကောင်းဆုံးမျိုးစပါးအရည်အသွေးတန်ဖိုးမြင့်စိုက်ပျိုးကြိတ်ခွဲမှု၌ ပြည်ပဈေးကွက်ဝင်အောင် တန်းမြင့်ဆန်ကိုခွဲခြားနိုင်သည့် ဆန်စက်နည်းပညာအရည်အသွေးမြင့်မားအောင်ဆောင်ရွက်ကာ ပြည်ပသို့တင်ပို့နိုင်သည့် အရည်အသွေးကောင်းသောဆန်ထွက်ရှိရေး၊ ပြည်ပတင်ပို့မှုတည်ငြိမ်နိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)