Main menu

ဘားအံမြို့၊ ကမ်းနားလမ်းအခွန်လွတ်ဈေးတွင် ဆီကုန်သည်များအသင်း၏ စားအုန်းဆီရောင်းချပေးနေမှုအခြေအနေ

Powered by Drupal

     ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့၊ နံနက်(၀၆:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၌ ကမ်းနားလမ်းအခွန်လွတ်ဈေးကို စတင်ဖွင့်လှစ်ခဲ့ကြောင်းနှင့် အဆိုပါအခွန်လွတ်ဈေး၌ ကရင်ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းသည် အခြေခံရည်ညွှန်းဈေးနှုန်းများဖြင့် စားအုန်းဆီများအပေါ် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခဲ့ကြောင်း၊ ကရင်ပြည်နယ်ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ဈေးကားဖြင့် စားအုန်းဆီး(၁)ပိဿာလျှင် (၄၉၅၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်းဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း၊ အခွန်လွတ်ဈေးကို ယခင်က အမှတ်(၃)ရပ်ကွက်၊ ကန်သာယာတွင်ဖွင့်လှစ်ခဲ့ရာမှ  (၁၄-၁၀-၂၀၂၃) ရက်နေ့မှစတင်၍ ကမ်းနားလမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

DOCA(ကရင်)