ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူပြည်သူတို့အနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီနှင့် သောက်ရေသန့်အမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၄-၁၀-၂၀၂၃) ရက်နေ့တွင် ဥသျှစ်ပင်ဈေးရှိ ကုန်စုံဆိုင်များနှင့် (၉-၁၀-၂၀၂၃) ရက်နေ့တွင် ဆင်တဲဈေးရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ (၅-၁၀-၂၀၂၃) ရက်နေ့တွင် ဥသျှစ်ပင်၊ လမ်းမတော်ရှိ ကုန်စုံဆိုင်များနှင့် (၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ဆင်တဲရွာတောင်ပိုင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးကိုလည်းကောင်း၊ မြို့နယ်တာဝန်ခံဦးဆောင်သော ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့တို့သည် စားသုံးဆီအမျိုးမျိုးနှင့် သောက်ရေသန့်အမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် အထက်ဖော်ပြပါနေရာများ၌ ရောင်းချနေသောစားသုံးဆီအမျိုးမျိုးနှင့် သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြချက်များပြည့်စုံမှန်ကန်စွာရှိသော ကုန်စည်များကိုရောင်းချမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဈေးကွက်၌ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်အရ စားသုံးဆီများ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်အချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ပြီး ဈေးကွက်အတွင်းရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း စသည့်အချက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိသောကုန်စည်များကိုသာရောင်းချကြရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)