ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အခြားသောမိတ်ဖက်ဌာနများဖြစ်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ (အ.မ.က) ဖိုးခေါင်ကျောင်း၌ ကျောင်းသား/သူ (၁၂၃)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။
အဆိုပါဆွေးနွေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူတို့၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်တွင်ပါဝင်သည့် အချက်အလက်များကိုသေချာစွာဖတ်ရှု၍ ဘေးအန္တရာယ်ကင်းသည့် ကုန်စည်များဝယ်ယူသုံးစွဲတတ်စေရန်နှင့် နစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနတို့တွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းတို့ကိုသိရှိစေရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)