Main menu

ရွှေတောင်မြို့နယ်ရှိ ကြာနီကန်ရပ်ကွက်၊ ကူကြီး (အ.မ.က) ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ ကူကြီး (အ.မ.က) ကျောင်း၌ (၉-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်မှ နံနက်(၁၁:၃၀)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

    အဆိုပါ ဟောပြောပွဲအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား(၈)ချက်တွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည်တို့ကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က စာဖတ်ခြင်းအကျိုးကျေးဇူးနှင့် ဒေါ်နွေးနွေးကလည်း ကျောင်းသား/ သူများအား ပုံပြင်ပြောကြားခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က ကိုယ်ခံအားကောင်းအောင် စားသုံးသင့်သောအစားအစာများအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြန်မာ့သိုင်း(၆၃)ကွက်ဖြင့် သရုပ်ပြခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်တို့ကို ညှင်းပန်းနှိပ်စက်မှုအကြောင်းများနှင့်ပတ်သက်၍ သိရှိစေရန် ကျောင်းသား/သူ(၁၃၂)ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)