Main menu

ပြည်ဈေးကွက်သို့ ချင်းအသစ်များ စတင်ဝင်ရောက်

Powered by Drupal

    ပြည်ဈေးကွက်သို့ ချင်းတက်အသစ်များ အောက်တိုဘာလဆန်းမှစ၍ ရှမ်းပြည်နယ် အောင်ပန်းဘက်မှ ရက်ခြားဝင်ရောက်လာခဲ့ပါသည်။ ချင်းဝင်ရောက်မှုအနေဖြင့် ပိဿာ(၃၀)ဝင်အိတ် ၂၀၀၀ခန့် ရက်ခြားဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  ချင်းကို ဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြသလို ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ချင်းကို ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းသို့တင်ပို့ရန် ဝယ်ယူမှုများသဖြင့် စက်တင်ဘာလ တတိယပတ်တွင် ချင်းတက်တစ်ပိဿာလျှင် ပွဲရုံဈေးမှာ တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ လက်လီဈေး မှာ တစ်ပိဿာလျှင် ၉၀၀၀-၁၀၀၀၀ကျပ်အထိ ရောင်းချခဲ့ပါသည်။ ယခုအောက်တိုဘာလ ပထမပတ်တွင် ချင်းအသစ်များဝင်ရောက်လာသဖြင့် တစ်ပိဿာလျှင် ၃၅၀၀ကျပ်ဈေးဖြင့် ရောင်းချပြီး ချင်းအဟောင်းများမှာ ယခင်ဈေးဖြစ်သော စက်တင်ဘာလ တတိယပတ်ဈေးအတိုင်း ရောင်းချကြပါသည်။ ပြည်ချင်းဈေးကွက်တွင် လက်လီ/လက်ကားရောင်းဝယ်သူများနှင့် ရခိုင်ဘက်သို့ တင်ပို့မှု အပါအဝင် ပိဿာချိန်ပေါင်း ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ချင်းသုပ် သုပ်၍စားရသော ဒါးလှီးချင်းဈေးမှာလည်း တစ်ပိဿာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)