Main menu

ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၌ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၃-၁၀-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ရွှေဘိုခရိုင်အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးရှိ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင် (၁)ဦးနှင့် အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျရပ်ရှိ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်(၂)ဦးတို့အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

  ထိုသို့တွေ့ဆုံရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအကြောင်း၊ ဒု-ခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းများ၊ မုန့်မျိုးစုံတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများအကြောင်း၊ အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ငန်းတွင်အသုံးပြုရန်အတွက် လုပ်ငန်းသုံးစားအုန်းဆီများထုတ်ပေးထားမှုအပေါ် အမှန်သုံးစွဲမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)