Main menu

ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် လုပ်ငန်းရှင်များအတွက် လုပ်ငန်းသုံးဆီများရောင်းချပေးနေမှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၁၆-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှ နေ့လယ်(၁၂း၃၀)နာရီအချိန်ထိ ကျွန်းလှမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရုံးဝင်းအတွင်း စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရန် လုပ်ငန်းရှင်များ၏လက်ဝယ်အရောက် ပထမအကြိမ်အဖြစ် ရောင်းချပေးခဲ့ကြပါသည်။

   အဆိုပါ လုပ်ငန်းသုံးစားအုန်းဆီများရောင်းချရာတွင် အကြော်ဆိုင်၊ အသုပ်ဆိုင်၊ မုန့်တီ/မုန့်ဟင်းခါးဆိုင်၊ လဖက်ရည်ဆိုင်၊ မုန့်ဖိုများ၊ အကြော်ဆံဖိုများ၊ အကြော်စုံလုပ်ငန်းလုပ်ကိုင်သူများ၊ ထမင်းဆိုင်နှင့် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များအား အလုပ်အကိုင်အမျိုးအစားပေါ်မူတည်၍ ရောင်းချပေးခဲ့ရာ ဆိုင်လုပ်ငန်း၊ မုန့်လုပ်ငန်းလုပ်ကိုင်သူ(၅၄)ဦးအတွက် စားအုန်းဆီ (၁)ပိဿာလျှင် (၇၄၀၀)ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၃၂၀)ပိဿာရောင်းချပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ပူးပေါင်းကူညီပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)