Main menu

ရွှေဘိုခရိုင်အတွင်း အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ ပထမအပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၇၃၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၈၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၀၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၅၂၆၀၀အိတ်၊ တန်အားဖြင့် ၂၆၃၀တန်စီးထွက်ခဲ့ပါသည်။ ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၃၀၀အိတ်၊ မန္တလေးသို့ အိတ်ရေ ၁၇၅၀၀အိတ်၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၅၀၀အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၂၅၀၀အိတ်၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀အိတ်၊ စုစုပေါင်းအိတ်ရေ ၄၄၃၀၀အိတ်၊ တန်အားဖြင့် ၂၂၁၅၀တန်စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၈၃၀၀အိတ်၊ တန်အားဖြင့် ၄၁၅တန်လျော့နည်း၍ စီးထွက်ခဲ့ပါသည်။

        အောက်တိုဘာလ  ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၂၅၀၀၀၊  ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀နှင့် (၂၀၂၂-၂၀၂၃) ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)