စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များသုံးစွဲနိုင်ရန်နှင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိ လစဉ် ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး၊ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ကသာမြို့ရှိ ကုန်စုံဆိုင်(၂)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြေပဲဆီ/နေကြာဆီ/စားအုန်းဆီ စသည့်ဆီဘူးများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ကုန်စည်များတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ၊ ညွှန်ကြားချက်(၁/၂၀၂၁)ပါ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) များတွင် ထည့်သွင်းဖော်ပြရမည့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ အဓိကထားစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူးက ရောင်းချသူဆိုင်ရှင်များအား စားသုံးဆီများရောင်းချရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်ပစ္စည်းအမှတ်တံဆိပ်များကိုသာရောင်းချရန်မှာကြားခဲ့ပြီး စားသုံးဆီဘူးများတွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များကို ဆိုင်ရှင်များအနေဖြင့် လေ့လာသိရှိနိုင်ရန်လိုအပ်သောကြောင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)