Main menu

ကသာမြို့တွင်ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     ကသာမြို့နယ်အတွင်း ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်တွင် ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်ရှိကြောင်းသိရသည်။ အောက်တိုဘာလ ပထမအပတ်တွင်ဖြစ်ပေါ်နေသော ဆန်နှင့်ဆီဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ဧည့်မထဆန်တစ်အိတ်လျှင် ကျပ်(၅၀၀၀)ခန့်လျော့နည်းပြီး မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်မြင့်တက်လာကြောင်းသိရှိရသည်။

   စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) တစ်ပိဿာလျှင် အလုံး (အသေး/အကြီး) ပေါ်မူတည်၍ (၃၇၀၀ မှ ၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၃၀၀၀/၃၄၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။

   အသားငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင် အလုံး (အသေး/အကြီး)ပေါ်မူတည်၍ (၂၆၀/ ၂၈၀/၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၅၀)ကျပ်ဖြင့်ရောင်းချလျက်ရှိသည်။း အောက်တိုဘာလ ပထမအပတ်တွင်ဖြစ်ပေါ်နေသော စားဖိုဆောင်သီးနှံ၊ အသားငါးဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ကြည့်ပါက ဈေးနှုန်းအတက်/အကျမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)