Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ်(၄-၁၀-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၆၀၀၀၀-၃၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၇၀၀၀၀-၃၃၀၀၀၀) ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီဈေးနှုန်းများမှာ ယခင်အပတ်တွင် ကျပ်(၂၉၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၀၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊   နှမ်းဖြူဈေးနှုန်းများမှာ ယခင်အပတ်တွင် ကျပ်(၂၉၀၀၀၀-၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၁၀၀၀၀-၃၂၀၀၀၀)ဖြစ်၍  ကျပ်(၂၀၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ နှမ်းပြာမှာ  ယခင်အပတ်တွင် ကျပ်(၂၇၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၂၇၀၀၀၀)ဖြစ်၍  ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏ အနေဖြင့်(၄၅)ပိဿာဝင်အိတ်များဖြင့် နှမ်းနက်(စမုံ)(၅၇၀၀)အိတ်၊ နှမ်းနီ(၃၆၀)အိတ်၊ နှမ်းဖြူ(၁၈၀)အိတ်၊ နှမ်းပြာ(၁၃၅၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်အနေဖြင့် မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၈၀၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၁၅၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီးဈေးနှုန်းများမှာ ယခင်အပတ်တွင် ကျပ်(၉၆၀၀၀-၁၀၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၁၀၀၀၀၀-၁၀၃၀၀၀)ဖြစ်၍ ကျပ်(၃၀၀၀-၄၀၀၀) ဈေးမြင့်ခဲ့ပါသည်။ ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၅၅၀၀၀-၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၅၀၀၀-၅၉၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ကုလားပဲ(H-L)မှာ ယခင်အပတ်တွင် ကျပ် (၉၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၂၅၀၀)ဖြစ်၍ ကျပ်(၅၀၀)ဈေးလျောခဲ့ကြောင်း၊ ကုလားပဲ (မြကြေး)မှာ ယခင်အပတ်တွင် ကျပ်(၉၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၀၀၀)ဖြစ်၍  ကျပ်(၁၀၀၀) စသည်ဖြင့် အသီးသီးဈေးလျော့ခဲ့ပြီး  အရောင်းအဝယ်ပမာဏအနေဖြင့်  (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲတီစိမ်း(၂၇၀၀)အိတ်၊ မတ်ပဲ(၃၀၀)အိတ်၊ ကုလားပဲ(H-L)(၁၄၀၀)အိတ်၊ ကုလားပဲ(မြကြေး)(၉၀၀)အိတ်၊ ပဲကြီး(၅၅၀)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

   မြေပဲလုံးဆံဖြူ(၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၆၀၀၀)ဖြစ်၍ ကျပ်(၂၀၀)ဈေးလျော့ခဲ့ပါသည်။ မြေပဲတောင့်အစိုမှာ (၁)တင်းလျှင် ယခင်အပတ်တွင်  ကျပ် (၁၈၀၀၀-၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၁၈၀၀၀-၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့်(၃၀)ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံဖြူ(၄၈၀)အိတ်၊ မြေပဲတောင့်အစို တင်း(၄၇၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ပါကြောင်း၊ အပတ်စဉ်ပုံမှန် ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)