Main menu

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ (အောက်တိုဘာဘာလ ဒုတိယအပတ်)

Powered by Drupal

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့သည်။ ကြက်သွန်နီ လက်လီဈေးမှာ အလုံးအကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၀၀၀/၈၀၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် အလုံးအသေး/အကြီးအလိုက် တစ်ပိဿာလျှင် (၂၅၀၀/၂၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

    ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အကြီး/ အသေးပေါ်မူတည်ပြီး (၁၅၀၀/၁၇၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၅၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၅၀) ကျပ်မှ (၁၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင် (၃၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၇၀)ကျပ်၊ (အသေး)တစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား(cp)တစ်ပိဿာလျှင် (၁၂၀၀၀ )ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၇၀၀၀/၁၈၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်မှ (၁၄၀၀၀) ကျပ်၊ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သားဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၀၀၀) ကျပ်မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အကြီးတစ်ပိဿာလျှင် (၇၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

     စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၂၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရသည်။

  အောက်တိုဘာလ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်းနှင့် အသီးအရွက်ဈေးများလည်းတည်ငြိမ်ခဲ့ကြောင်း၊ အသားဈေးများထဲမှ ကြက်သားဈေးနှုန်းအနည်းငယ်လျော့ကျပြီး အခြားအသားငါးဈေးနှန်းများမှာ တည်ငြိမ်လျက်ရှိနေကြောင်း ကန့်ဘလူမြို့မဈေးရှိ ဈေးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)