Main menu

ရွှေဘိုမြို့၌ ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ်ပိုလာသည့် အစေ့ထုတ်ပြောင်း

Powered by Drupal

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/ (၆၇)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၆၀၀ဝိ/-)ကျပ်ပေါက်ဈေးသာရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊  ယခင်နှစ်ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်နှစ်ကာလတူ၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၁၇၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုနှစ်တွင် ယခင်နှစ်ကာလတူအောက် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၈၀ဝ/-) ကျပ်ဈေးလျော့နည်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)