Main menu

စစ်တွေမြို့နယ်အတွင်းရှိ ပြည်သူများအား စားအုန်းဆီများသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့နှင့်ပူးပေါင်း၍ စစ်တွေမြို့နယ်၌ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့၊  နံနက်ပိုင်းတွင် စစ်တွေမြို့၊ ရေတွင်းလမ်း၊ ကျေးပင်ကြီးရပ်ကွက်ရှိ ဆီအရောင်းကိုယ်စားလှယ်များဖြစ်သော ဦးဦးမောင်ဆီဆိုင်မှ (၆၆၀)ပိဿာနှင့် ဦးထွန်းအေးကျော်ဆီဆိုင်မှ (၇၇၀) ပိဿာတို့ကို တစ်ပိဿာလျှင် ကျပ် (၅၂၀၀) ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါသည်။

    ယင်းသို့ ရောင်းချရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း  (ဦးစီးအရာရှိ) ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (ကျပ် ၅၂၀၀) နှုန်း ရောင်းချပေးလျက်ရှိကြောင်း၊ စစ်တွေမြို့နယ်အတွင်း (၁၁-၁၀-၂၀၂၃) ရက်နေ့ထိ ဆီအရောင်းကိုယ်စားလှယ် (၈) ဦးတို့က စားအုန်းဆီ (၂၄၄၃၀) ပိဿာရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)