Main menu

ဆိပ်ဖြူမြို့၌ ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

          မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

        ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၁)ဆိုင်ရှိရာ နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး အောက်တိုဘာလ(ပထမပတ်)နှင့်‌ အောက်တိုဘာလ(ဒုတိယပတ်) ဈေးနှုန်းနှိုင်းယှဉ်ချက်အရ စက်သုံး ဆီဈေးနှုန်းများမှာ 92 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၇၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၀၂၅)ဖြစ်၍ ကျပ်(၁၄၅) ဈေးလျော့ခဲ့ကြောင်း၊ 95 တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၂၆၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၁၂၅)ဖြစ်၍ ကျပ်(၁၃၅) ဈေးလျော့နည်းခဲ့ကြောင်း၊ ဒီဇယ်ရိုးရိုးတစ်လီတာ လျှင် ယခင်အပတ်တွင် ကျပ်(၂၅၈၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၄၀)ဖြစ်၍ ကျပ်(၃၄၅) ဈေးလျော့နည်းခဲ့ကြောင်း၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၆၂၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၃၅၅)ဖြစ်၍ ကျပ်(၂၇၀)ဈေးနှုန်းလျော့ကျလာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရသည်။

DOCA(မကွေး)