Main menu

ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးတွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်များသည် သီးနှံမျိုးစုံအများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွန်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများလည်းဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာဈေးဖြစ် ပါသည်။

          ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်မှ(၁၃)ရက်နေ့ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာ လျှင် ကျပ်(၁၅၀၀ မှ ၁၈၀၀)၊ ခရမ်းသီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၁၇၀၀ မှ ၂၅၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၅၀၀)၊ ကြက်သွန်ဖြူတစ် ပိဿာလျှင် ကျပ်(၁၁၀၀၀ မှ ၁၂၀၀၀)၊ ကုလားပဲဆံတစ်ပြည်လျှင် ကျပ်(၇၇၀၀ မှ ၈၀၀၀)၊  မြေပဲဆံ တစ်ပြည်လျှင် ကျပ်(၇၃၀၀ မှ ၇၅၀၀)၊ မြေပဲဆံတစ်ဘူးလျှင် ကျပ်(၁၀၀၀)၊ ချင်းတက်တစ် ပိဿာလျှင် ကျပ်(၄၀၀၀)၊ ချင်း(ဂျင်း)တစ်ပိဿာလျှင် ကျပ်(၄၄၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၃၂၀၀ မှ ၄၈၀၀)၊ ငရုတ်သီးခြောက်အတောင့်တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)၊ ငရုတ် သီးမှုန့်တစ်ပိဿာလျှင် ကျပ်(၁၈၀၀၀ မှ ၂၀၀၀၀)၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်(၅၀၀ မှ ၁၀၀၀)၊ မျှစ် တစ်ပိဿာ ကျပ်(၂၀၀၀)၊ ဂေါ်ရခါးသီးခြောက်လုံးလျှင် ကျပ်(၁၀၀၀)၊ မုန်လာပွင့်တစ်ပွင့်လျှင် ကျပ် (၁၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          အသားငါးဈေးနှုန်းများမှာ မွေးမြူရေးကြက်သား(CP)တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀ မှ ၁၁၀၀၀)၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀ မှ ၁၈၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀ မှ ၂၀၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၄၀၀၀ မှ ၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပဲစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀ မှ ၁၂၀၀၀)၊ နှမ်းဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းစက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ နှမ်းရောဆီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀ မှ ၁၃၀၀၀)၊ သိင်္ဂီပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဖျာပုံပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၃၀၀၀၀)၊ ဧရာပဒေသာဆင်ဖြူကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဧရာပဒေသာ (အောက်)(၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၁၁၅၀၀၀)၊ မနောသုခဆန်(အောက်)(၂၄)ပြည်တစ်အိတ် လျှင် ကျပ်(၉၂၀၀၀)၊ ရတနာတိုးဆင်ဖြူကျွန်း (၂၄)ပြည်တစ်အိတ်လျှင် ကျပ်(၇၄၀၀၀)ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)