Main menu

ကျောက်ဆည်ခရိုင်၌ ရာသီပေါ်သီးနှံများဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိ

Powered by Drupal

    အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း လူတို့အာဟာရဖြစ်စေရန် အစားအသောက်များကိုရွေးချယ်သုံးစွဲကြရမည်ဖြစ်ပြီး အာဟာရမျှတအောင်သုံးဆောင်မှီဝဲကြရမည်ဖြစ်ပါသည်။ ယခုကဲ့သို့ မိုးဖြိုင်ဖြိုင်ရွာသွန်းချိန်တွင် အသီးအရွက်များဖြိုင်ဖြိုင်ထွက်ပေါ်လျက်ရှိရာ ရာသီစာသီးနှံများဖြစ်သော နနွင်းဖူး ၊ ဆီဖြူသီး၊ ပဲတောင့်ရှည်၊ တောကြက်ဟင်းခါးသီး၊ မဲဇလီဖူးနှင့် မိုးရွာသွန်းမှုများသောကြောင့်အညာဒေသထွက် မှိုအုံးနက်များလည်းအစောထွက်ပေါ်လျက်ရှိပါသည်။ ယင်းသီးနှံဈေးနှုန်းများမှာ နနွင်းဖူး(၅)ဖူးပါ တစ်စည်းလျှင်  (၃၀၀-/)ကျပ်၊ ဆီးဖြူသီး နို့ဆီဘူး (၁)ဘူးလျှင် (၅၀၀-/)ကျပ်၊ ပဲတောင့်ရှည်(၂၅)ကျပ်သားတစ်စည်းလျှင် (၅၀၀-/)ကျပ်၊ တောကြက်ဟင်းခါးသီး(၂၅)ကျပ်သားလျှင် (၅၀၀-/)ကျပ်၊ မဲဇလီဖူးနို့ဆီဘူး(၂)ဘူးလျှင် (၅၀၀-/)ကျပ်နှင့် မှိုအုံးနက် (၁) ပိဿာလျှင် (၁၂၀၀၀-/)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ မှိုဟင်းကို ဆီးဖြူသီးထောင်းနှင့်တွဲဖက်စားသုံးလျှင် ခံတွင်းမြိန်စေပါသည်။ မဲဇလီဖူးသုပ်၊ နနွင်းဖူးသုပ်များကို ငါးခြောက်ဟင်းနှင့်တွဲဖက်စားသုံးကြပါသည်။ ပဲတောင့်ရှည်ကို ငရုတ်သီးစပ်စပ်ဖြင့် အညာချက်ချက်စားလျှင်လည်း ယခုရာသီမျိုးနှင့်လိုက်ဖက်သော ဟင်းလျာတစ်မျိုးဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)