Main menu

တရုတ်သို့ သွားဖို့ပြင်ဆင်နေတဲ့ မြန်မာ့ပြောင်း

Powered by Drupal

  ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးသိန်းခန့် တင်ပို့နိုင်ရန်ခန့်မှန်းထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များထံမှ သိရှိရပါတယ်၊ ယခင်စက်တင်ဘာလအတွင်းကလည်း လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ တန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ၂၂၉၄ တန် တင်ပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပြောင်းတွေကို ယခင်က ထိုင်းနိုင်ငံကိုအများဆုံးတင်ပို့တာဖြစ်ပေမဲ့ အခွန်ကင်းလွှတ်ခွင့် ကာလကျော်လွန်သွားပြီ ဖြစ်တာကြောင့်  စက်တင်ဘာလအတွင်းကစပြီး၊ သိသိ သာသာလျော့သွားတယ်လို့ ဆိုပါတယ်၊ ဒါကြောင့် အခု စက်တင်ဘာလ ကစပြီး တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ဖို့ ဈေးကွက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး၊ ဘိန်းအစားထိုး ပြောင်းသီးနှံအပြင် GACC နဲ့ပါ တင်ပို့ဖို့ လုပ်ဆောင်နေတာလို့ သိရပါတယ်၊ မြန်မာ့ထွက်ကုန် ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကိုလည်း တင်ပို့ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

   မြန်မာနိုင်ငံမှာ နှစ်စဉ် ပြည်တွင်း သုံးစွဲမှုဟာ ပြောင်းတန်ချိန် ၁သန်းဝန်းကျင်ခန့်ရှိပြီး၊ ၂၀၂၃ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောင်းတန်ချိန် ၃ သိန်းဝန်းကျင်ထွက်ရှိနိုင်တယ်လို့ ပြောင်းလုပ်ငန်းရှင်တွေက ခန့်မှန်းထားတယ်လို့လည်း သိရှိရပါတယ်။

DOCA(ရှမ်း)