Main menu

ကြက်သွန်နီဈေးနှုန်းနှင့် တင်ပို့မှုအခြေအနေ

Powered by Drupal

     မန္တလေးတိုင်း‌ဒေသကြီး၊ မြင်းခြံခရိုင်၏ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(ပထမပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ အကြီးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၂၇၀၀)ကျပ်ထိရှိပြီး အလတ်တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၄၀၀)ကျပ်ဖြစ်ပြီး အသေးတစ်ပိဿာလျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ အောက်တိုဘာလ ဒုတိယအပတ်တွင် အကြီးတစ်ပိဿာလျှင် (၂၆၀၀)ကျပ်မှ (၂၈၀၀)ကျပ်ထိရှိပြီး အလတ်စတစ်ပိဿာလျှင် (၂၃၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ အသေးစတစ်ပိဿာလျှင် (၂၀၀၀)ကျပ်မှ (၂၂၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။ အရည်အသွေးကောင်းပြီး အရွယ်အစားဖွံဖြိုးသောကြောင့် ယခုအပတ်တွင် ဆိုဒ်စုံဈေးနှုန်းတစ်ပိဿာလျှင် (၁၀၀)ကျပ်မှ (၂၀၀)ကျပ်ထိဖြစ်၍ ဈေးအနည်းငယ်မြင့်တက်ခဲ့ပါသည်။

    မြင်းခြံခရိုင်အတွင်းရှိ ကန်ဆင့်ရွာ၊ ဗလုံရွာ၊ ဖောင်းကားရွာ၊ လက်ဝဲရွာ၊ မြင်းနီရွာ၊ နနွင်းတော်ဘိုးရွာ၊ တလုပ်မြို့ရွာနှင့် ကိုင်းရွာများမှထွက်ရှိသော ကြက်သွန်နီများမှာ အရည်အသွေးကောင်းပြီး သိုလှောင်ရာတွင် အထားခံသောကြောင့် ဈေးကောင်းရရှိပါသည်။ ကြက်သွန်နီထွက်ရှိသောကျေးရွာများမှ ပွဲရုံများသို့ နေ့စဉ် ပျမ်းမျှအားဖြင့် ကုန်ချိန်ပိဿာ (၅၀၀၀၀) ပိဿာမှ (၆၀၀၀၀) ပိဿာကျော်ဝင်ရောက်လေ့ရှိကြောင်း၊ အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းရရှိကြောင်းနှင့် တင်ပို့မှုအနေဖြင့် မြင်းခြံမြို့မှ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊ မူဆယ်မြို့များသို့ အပတ်စဉ် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)