Main menu

မြင်းခြံခရိုင်အတွင်း၌ ဈေးကားဖြင့် စားအုန်းဆီများ လက်လီရောင်းချပေး

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြင်းခြံခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့တွင်  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သောစားသုံးဆီများကို ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးတို့အတွက် မြင်းခြံမြို့၊ အမှတ်(၁၇)ရပ်ကွက်၌ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် လူဦးရေ (၅၅၀)ဦးအတွက် စားအုန်းဆီပိဿာချိန် (၅၅၀) ပိဿာကို တစ်ပိဿာလျှင် (၄၇၅၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။ အလားတူ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ စီရင်စုကျေးရွာမှာလည်း ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းတွင် လူဦးရေ (၅၅၀)ဦးအတွက် စားအုန်းဆီပိဿာချိန် (၅၅၀)ပိဿာကို တစ်ပိဿာလျှင် (၄၇၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ညောင်ကန်ကျေးရွာရှိ လူဦးရေ (၅၅၀)ဦးအတွက်  စားအုန်းဆီပိဿာချိန်ိ(၅၅၀)ကို တစ်ပိဿာလျှင် (၄၇၅၀) ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများအား အခြေခံရည်ညွှန်းဈေးဖြင့် လက်လီရောင်းချပေးခဲ့ပြီး ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)