Main menu

မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာ၊ ရေတွင်းဝိဟာရဘုန်းတော်ကြီးသင်ပညာရေးအခြေခံပညာမူလ တန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့် ဒေါ်သန္တာလင်း (အငယ်တန်းစာရေး)တို့သည် (၁၀-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာရှိ ရေတွင်းဝိဟာရဘုန်းတော်ကြီးသင်ပညာရေးအခြေခံပညာမူလတန်းလွန်ကျောင်း၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

   ဆွေးနွေးပွဲတွင်   ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ်များ၊ စားသုံးသူအခွင့်အရေး (၈)ချက်၊ စားသုံးသူများလိုက်နာရမည့်တာဝန်(၄)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့်တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများကတောင်းဆိုနိုင်သည့် အခွင့်အရေးတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  စားသုံးသူများနစ်နာမှုများဖြစ်ပေါ်လာပါက  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ဖွင့်လှစ်ထားသော Consumer Information & Complaint Center (CICC) သို့လည်းကောင်း၊ Consumer Call Center No. (1535) သို့ အလွယ်တကူခေါ်ဆို၍ စုံစမ်းခြင်းများပြုလုပ်နိုင်ကြောင်း၊ တိုင်ကြားနိုင်ပုံ၊ ဌာန၏ Website www. doca. gov. mm  Facebook page တွင်  Myanmar DOCA Mobile Application သို့ ဝင်ရောက်တိုင်ကြားနိုင်ပုံတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ဆားတိုင်ကန်ကျေးရွာရှိ ရေတွင်းဝိဟာရဘုန်းတော်ကြီး သင်ပညာရေးအခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား/ကျောင်းသူ(၂၀၅)ဦး၊ စုစုပေါင်း (၂၁၁)ဦးတက်ရောက်ခဲ့ကြပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)