Main menu

သရက်မြို့၊ ထုံးတောင်အုပ်စုအတွင်းရှိ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သောဝန်ထမ်းများသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သရက်မြို့ဆန်ကုန်သည်နှင့်ဆန်စက်ပိုင်ရှင်များနှင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ (၁၄-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၈:၀၀) နာရီအချိန်တွင် ထုံးတောင်အုပ်စုအတွင်းရှိ ထုံးတောင်ကျေးရွာနှင့် သဲတောကျေးရွာများမှ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြစ်သည့် ဧည့်မထဆန်(၁)ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၂၄၇)စုတို့အား ရောင်းချပေးခဲ့ပါသည်။

     ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးနေမှုမှာ သရက်မြို့နယ်အတွင်း (၆)ကြိမ်မြောက်ရောင်းချပေးမှုဖြစ်ပြီး ဆန်(၁၆၈၃)ပြည်ရောင်းချပေးပြီးဖြစ်ကြောင်းနှင့်  ကျန်ရှိနေသေးသည့် သရက်မြို့အတွင်းရှိ ရပ်ကွက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)